Featured Junta Leader’s Constant Shake-Up: 50 Changes of RMC Commanders Since the Coup Tracker by ISP Admin
18 Dec 2025 ပြည်ချစ်စိတ်၊ ဂုဏ်ယူမှုနှင့် သပွတ်အူတော်လှန်စိတ် ပြည်ချစ်စိတ်နဲ့ ဂုဏ်ယူမှုဟာ CDM/Non-CDM အမှတ်အသားတွေအကြားမှာ ဂယက်ထနေပါတယ်။ ပြည်သူတွေအနေနဲ့ တခါတရံ လူသားဆန်တဲ့ စိတ်ခံစားချက်တွေကို ဦးစားပေးပြီး နိုင်ငံရေးစည်းမျဉ်းကို ယာယီဖြေလျှော့ကြပေမဲ့ ယေဘုယျအားဖြင့် လူထုဟာ စစ်အာဏာရှင်စနစ်နဲ့ အဆက်အသွယ် လုံးဝဖြတ်လိုနေကြပါတာကို တွေ့ရမှာပါ။
9 Sep 2025 အိုးစားဖက်ကို ဘယ်လိုရွေး စစ်မျက်နှာ ပတ်လည်ဝိုင်းနေဆဲ စစ်ကော်မရှင်ဟာ စစ်မြေပြင်မှာ ဘယ်တပ်ဖွဲ့တွေနဲ့ လက်တွဲတိုက်မလဲဆိုတာ စံနှုန်းသုံးချက်နဲ့ ရွေးချယ်နေတယ်လို့ အနုမာနပြုချင်ပါတယ်။ ဒီစံနှုန်းတွေကတော့ စစ်ကော်မရှင်တပ်နဲ့ စစ်စီးပွားရေးအရ ကျေးဇူးခံ-ကျေးဇူးစား ဆက်ဆံရေး နက်နက်ရှိုင်းရှိုင်းရှိိနေတာ၊ သက်ဆိုင်ရာဒေသမှာ အာဏာကို အပြည့်အဝခြေကုပ်ယူထားနိုင်တာနဲ့ စစ်ကော်မရှင်ရဲ့ နိုင်ငံရေးဇာတ်ညွှန်းအတိုင်းသာ လိုက်ပါကပြတာတွေပဲ ဖြစ်ပါတယ်။
3 Sep 2025 KNU ကို စစ်ကော်မရှင်က အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခြင်း – သိသင့်သော အချက်ငါးချက် KNU ဟာ ... အခုကြေညာချက်ကို ခြိမ်းခြောက်မှုတခုအဖြစ် ယူဆမယ်မထင်ပါဘူး။ ဒါကို စည်းကြပ်ဖို့ဆိုရင် ထိုင်းနိုင်ငံလို အိမ်နီးချင်းတွေရဲ့အကူအညီနဲ့ ပူးပေါင်းမှုလိုပါတယ်။ အင်တာပိုလို အဖွဲ့တွေကိုလည်း စစ်ကော်မရှင်ကတောင်းဆိုမှာပါ။ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုရှိလာရင် KNU အဖွဲ့ဝင်တွေရဲ့ ခရီးသွားလာရေး၊ ဘဏ်ငွေကြေးပိုင်ဆိုင်မှုများအပေါ် တင်းကျပ်လာဖွယ်ရှိပါတယ်။ ဒါပေမဲ့ ဒီလိုဖြစ်ဖို့ အလားအလာနည်းပါတယ်။
5 Aug 2025 စစ်ကော်မရှင်၏ မျှော့ကြိုးဥပဒေများ ရွေးကောက်ပွဲကာကွယ်ရေးဥပဒေမှာပါတဲ့ ပြစ်ဒဏ်တွေဟာ သာမန်အချိန်မှာ ကျူးလွန်တဲ့ ပြစ်မှုတွေအတွက် ချမှတ်တဲ့ ပြစ်ဒဏ်တွေထက် ပိုပြင်းထန်ပါတယ်... ရွေးကောက်ပွဲကို ငြိမ်းချမ်းစွာ ဆန့်ကျင်လိုတဲ့ လူပုဂ္ဂိုလ်တွေ၊ အစုအဖွဲ့တွေကို ရာဇသံ ပေးလိုက်တာလို့လည်း ဆိုနိုင်ပါတယ်။
19 Jul 2025 စစ်နွံထဲက ပြည်သူ၊ ပြည်သူထဲက မျှော်လင့်ချက် ပစ္စည်းဥစ္စာတွေ ပေါင်နှံရောင်းချ နေကြရတာ၊ မိသားစုအတွင်း ကတောက်ကဆဖြစ်ပွားရမှုတွေနဲ့ နေ့စဉ်ရုန်းကန်နေရမှုတွေလည်း ရှိနေပါတယ်။ ဒီအခြေအနေထဲမှာ အများစုရဲ့ ဆန္ဒက စစ်ရေးအောင်မြင်မှုတွေအပြင် သူတို့ရဲ့ နေ့စဉ်ဘဝတည်ငြိမ်အေးချမ်းရေးနဲ့ စီးပွားရေးလုပ်ငန်းတွေ ပြန်လည်လည်ပတ်နိုင်ရေးတို့ ဖြစ်တယ်...
1 Jul 2025 လူမှုပြစ်ဒဏ်၊ လူမှုတရားမျှတရေးနှင့် လူအုပ်စုလိုက် စုန်းဖမ်းဓလေ့ တရားရေးကို အားကိုးမရတဲ့အခင်းအကျင်းမှာ လူမှုပြစ်ဒဏ်ကို သုံးကြရမှာဖြစ်တယ်။ ဒါပေမဲ့ social punishment အစား ဆိုရှယ်မီဒီယာ သိက္ခာချဆွမ်းကြီးလောင်းခြင်းနဲ့ လူအုပ်ဖွဲ့ စုန်းဖမ်းပွဲပဲဖြစ်ရင် ကျူးလွန်ခံရသူအတွက် survivor-centered ချဉ်းကပ်မှုဟာလည်း အနှစ်သာရ ပျက်စီးသွားပါလိမ့်မယ်။
21 Feb 2025 ခြံစည်းရိုးပေါ်က တော်လှန်ရေး အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီကို ပြန်မတိုက်ဘဲ စောင့်ကြည့်နေခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) တွေ ရှိပါတယ်။ အဲဒီလို အဖွဲ့တွေကို free rider တွေလို့ မှတ်ချက်ပြုကြတာ ရှိပါတယ်။ ရေသာခို လှေကြုံစီးသူလို့ ခေါ်ရမယ်ထင်ပါတယ်။