Featured Junta Leader’s Constant Shake-Up: 50 Changes of RMC Commanders Since the Coup Tracker by ISP Admin
23 Dec 2025 အားနည်းချက်ကို ရောင်းကုန်အဖြစ် လှည့်စားနေသော စစ်ခေါင်းဆောင် စစ်ခေါင်းဆောင်ရဲ့ လှည့်ကွက်က ရိုးရှင်းပါတယ်...စစ်တပ်သာ ပြိုကွဲသွားရင် မြန်မာနိုင်ငံဟာ ဘယ်သူမှ မထိန်းချုပ်နိုင်တဲ့ ‘ကျဆုံးနိုင်ငံ’ (failed state) ဖြစ်သွားလိမ့်မယ်။ အဲဒီအခါ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ ဒုက္ခသည်တွေ၊ လက်နက်မှောင်ခိုမှုတွေ၊ မတည်ငြိမ်မှုတွေ စတဲ့ နောက်ဆက်တွဲဂယက်တွေကို ကြုံရလာပါလိမ့်မယ်ဆိုတာပါပဲ။
30 Sep 2025 မော်စကိုပြန် စစ်ခေါင်းဆောင် – ငွေကုန်ကြေးကျများလှသော သံခင်းတမန်ခင်း ဒီလှုပ်ရှားမှုတွေဟာ စစ်တပ် ဒါမှမဟုတ် စစ်ခေါင်းဆောင်နဲ့ နီးစပ်တဲ့ ရေပေါ်ဆီထိပ်သီး လူနည်းစုက ဦးစီးတဲ့ နိုင်ငံဗဟိုပြု အကျပ်အတည်း စီမံခန့်ခွဲမှုပုံစံ ဖြစ်ပါတယ်။ နိုင်ငံရေးအရ ဆက်လက်ရှင်သန်ရေး၊ နိုင်ငံတကာ တရားဝင်မှုနဲ့ ရေပေါ်ဆီ လူနည်းစုအလွှာရဲ့ အကျိုးစီးပွားတွေကို ဦးစားပေးချင်တာ ဖြစ်ပါတယ်။ အများပြည်သူကို အကျိုးဖြစ်တဲ့ စီးပွားရေး နာလန်ထရေး ဒါမှမဟုတ် လူမှုဖွံ့ဖြိုးရေးတို့ကို ဦးစားမပေးပါဘူး။